Engineering Training

ဆိုလာစနစ်ကျွမ်းကျင်သူအဖြစ်အသက်မွေးနိုင်ဖို အချိန်တိုတို စျေးသက်သက်သာသာနဲ့ အကောင်းဆုံးသင်ယူတတ်မြောက်လို သူများအတွက် သတင်းကောင်း

ပညာအရည်အချင်းနဲ့ အတွေ့အကြုံမရှိသော်လည်း ဆိုလာစနစ်ကျွမ်းကျင်သူအဖြစ် အသက်မွေးဝမ်းကျောင်းပညာကို လိုလားသူမည်သူ့ကိုမဆို စာတွေ့ လက်တွေ့ သင်ထောက်ကူ ပစ္စည်းကိရိယာစုံလင်စွာနဲ့ စနစ်တကျသင်ကြားပေးသွားမှာမိုလို နောက်မကျခင် အရင်စာရင်းပေးသွင်းလိုက်ပါ။

ဆိုလာစံနစ်ကျွမ်းကျင်သူအဖြစ်အသက်မွေးနိုင်ဖို့ အချိန်တိုတို စျေးသက်သက်သာသာနဲ့ အကောင်းဆုံးသင်ယူတတ်မြောက်လို သူများအတွက် သတင်းကောင်း

၂၀၂၆ အောက်တိုဘာလလောက်ကနေစပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ Super El Nino လို့ခေါ်တဲ့ ဆိုးရွားလှတဲ့ ရာသီဥတုဒါဏ်ကို အပြင်းအထန် ခံစားရမှာပါ။

ဒီနှစ်ဆောင်းနဲ့ နောက်နှစ်နွေရာသီဟာ အရင်နှစ်တွေထက် အဆမတန်ပူပြင်းပြီး မိုးခေါင်တဲ့ ဒဏ်ကြောင့် လျှပ်စစ်မီးပြတ်တောက်တဲ့ဒုက္ခကို ပြီးခဲ့တဲ့နှစ်တွေထက် အဆပေါင်းများစွာ ခံရနိုင်ပါတယ်။

အလွန်မြင့်မားတဲ့စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ ဆိုလာစံနစ်တွေကို စနစ်တကျ အချိန်မီ ဘေးအန္တရာယ်ကင်းကင်းနဲ့ လက်ရာသေသပ်စွာ တပ်ဆင်ပေးနိုင်မဲ့ ကျွမ်းကျင်သူတွေကို အခြေအနေက အထူး လိုအပ်လာမှာဖြစ်ပါတယ်။

ဒီ့အတွက် ကျွမ်းကျင်သူတွေကို စနစ်တကျမွေးထုတ်ပေးမဲ့ ဆိုလာစံနစ်ဆိုင်ရာသင်တန်းကို TRIO UNITED TECHTRONICS TRAINING CENTRE မှ သီအိုရီနဲ့ လက်တွေ့ကို နှစ်ပေါင်းများစွာ ကိုယ်တိုင်လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဆရာမ Engr. ဒေါ်ညိုညိုခိုင်(B.E (Electronic), M.B.A, PE, ACPE, AER) ကိုယ်တိုင် ဦးစီးသင်ကြားပေးမှာမို့ မဖြစ်မနေ တက်ရောက်သင်ကြားဖို့ ဖိတ်ခေါ်ပါတယ်။

၂၀၂၆ ဩဂုတ်လ ၁ရက် ၂ရက် ၈ရက် ၉ရက်တွေမှာ ဖွင့်လှစ်ခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့တဲ့ ဆိုလာသင်တန်း အမှတ်စဥ် ၁ ကို အချိန်မမီလို့ မတက်ရောက်လိုက်ရသူများအတွက် အထူးအခွင့်အရေးလာပါပြီ။

ပညာအရည်အချင်းနဲ့ အတွေ့အကြုံမရှိသော်လည်း ဆိုလာစနစ်ကျွမ်းကျင်သူအဖြစ် အသက်မွေးဝမ်းကျောင်းပညာကို လိုလားသူမည်သူ့ကိုမဆို စာတွေ့ လက်တွေ့ သင်ထောက်ကူ ပစ္စည်းကိရိယာစုံလင်စွာနဲ့ စံနစ်တကျသင်ကြားပေးသွားမှာမို့လို့ နောက်မကျခင် အရင်စာရင်းပေးသွင်းလိုက်ပါ။

အထူးအစီအစဥ်အနေနဲ့ ဆက်လက်ဖွင့်လှစ်မဲ့ သင်တန်း အမှတ်စဥ် ၂ ကို သင်တန်းသားတစ်ဦးလျင် သင်တန်းကြေး ၃သိန်းအစား အထူးနူန်း ၂သိန်းစီနဲ့ သင်ကြားပေးမှာမို့ ဒီအခွင့်အရေးကြီးကို လက်မလွတ်ပါစေနဲ့။

အထူးအစီအစဥ်အနေနဲ့ အနည်းဆုံး သင်တန်းသား ၅ဦး တပြိုင်တည်း စာရင်းပေးသွင်းရင် ၁၀% discount ပေးဦးမှာမို့ တစ်ယောက်စီကို တစ်သိန်းရှစ်သောင်းကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

သင်တန်း အမှတ်စဥ် ၂

သင်တန်းချိန်။ နေ့လည် ၁း၀၀ မှ ၅း၀၀

သင်တန်းရက်။ ၂၂၊ ၂၃၊ ၂၉၊ ၃၀ ဩဂုတ် ၂၀၂၆ (စုစုပေါင်း ၄ ရက်)

သင်တန်းတက်ဖို့ စာရင်းပေးကြသူတွေအများစုရဲ့ တောင်းဆိုချက်အရ သင်တန်းနေ့ရက်တွေကို နေ့လည်ပိုင်းမှာပြောင်းလဲဖွင့်လှစ်သွားတာဖြစ်ပါတယ်။

လက်ရှိအလုပ်လုပ်နေသူတွေပါ အဆင်ပြေပြေတက်ရောက်နိုင်ဖို့ စနေ၊တနဂ်နွေအားလပ်ရက်တွေမှာပဲ သင်တန်းစီစဥ်ထားပါတယ်။

သင်တန်းနေရာ

TRIO UNITED TECHTRONICS TRAINING CENTRE

No.40, 2B, အရှေ့မြင်းပြိုင်ကွင်းလမ်း ( UAB ဘဏ်အပေါ်ထပ်), တာမွေ၊ ရန်ကုန်

Google Map Link: https://maps.app.goo.gl/69RMCxyp6C71sFQd6

ဆိုလာစံနစ်သင်တန်းတွင်ပါဝင်မည့်သင်ခန်းစာများ

* လျှပ်စစ်နှင့်နေရောင်ခြည်စွမ်းအင်၏အခြေခံသဘောတရားများ

* ဆိုလာစံနစ်တွင်ပါဝင်သောပစ္စည်းများ (ဆိုလာပြား၊ကွန်ထရိုလာ၊အင်ဗာတာ၊ဘက်ထရီ)

* ဆိုလာစံနစ်တွင်ပါဝင်သောပစ္စည်းများ၏ ထုတ်လုပ်သူ Specifications များကိုလေ့လာပြီး

မှန်ကန်သင့်တော်သော ပစ္စည်းများကိုရွေးချယ်ခြင်း

* ဆိုလာစံနစ်တစ်ခုကို ဒီဇိုင်းပြုလုပ်ခြင်း

* ဆိုလာစံနစ်ကို လက်တွေ့တပ်ဆင်ခြင်း

* လက်တွေ့တိုင်းတာခြင်း (5.5 kW 100% Pure Sine Wave Home Inverter ၏ Specifications ကိုလက်တွေ့တိုင်းတာလေ့လာခြင်း)

* Volt, Ampere, Lux, Solar Power, Temperature, Earth Resistance များကို တိုင်းတာခြင်း

* လျှပ်စစ် Wave Form များကို များOscilloscope ဖြင့် တိုင်းတာကြည့်ရှုခြင်း

* အိမ်သုံးဆိုလာစနစ်များ အလုပ်လုပ်ပုံ၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အချက်အလက်များ

* လျှပ်စစ် အန္တရာယ်အကြောင်း သိသင့်သည့်အချက်များ

* ဆိုလာစံနစ်တစ်ခုကို Troubleshooting ပြုလုပ်နည်းများ

* ဆိုလာစံနစ်၏ သိမှတ်ရမည့် အခြေခံအချက်အလက်များကို စုပေါင်းအမေးအဖြေပြုလုပ်ခြင်း

Summary of the Course

Day 1: Fundamentals of Solar Energy and Electricity

Day 2: Design, Installation and Commissioning

Day 3: Instrumentation

Day 4: Safety

သင်တန်း ၄ချိန်လုံးအပြည့်တက်ရောက်သူများကို Certificate ချီးမြှင့်ပါမယ်။

ဆက်သွယ်စာရင်းပေးရန်

Phone/Viber: 099940228111, 09440640650, 095101330, 095101331